Wednesday 8 April 2009

ဂျာမန်မီးရထားများအကြောင်း (၂)








ရထားတွေအကြောင်းရေးရင် ဘူတာတွေအကြောင်း
လည်း ရေးရအုံးမယ်။ ဘူတာတွေမှာ
Information Center, Ticket Automat စသည်ဖြင့် ဘူတာအကြီး အသေးပေါ်မူတည်
ပြီးရှိတယ်။ရထားအ၀င်၊အထွက်အချိန်ပြတဲ့ဆိုင်းဘုတ်လေးတွေလည်းရှိတယ်။ အ၀င်
ရထားတွေကိုအဖြူရောင်စာရွက်ပေါ်မှာရေးထားပြီး၊ အထွက်ရထား အချိန်စာရင်းကို
တော့အ၀ါရောင်စာရွက်ပေါ်မှာရေးထားတယ်။ ထွက်တဲ့အချိန်၊ ရောက်မဲ့အချိန်၊ ပလက်
ဖေါင်းနံပါတ် တွေကိုအသေးစိတ်ရေးထားပါတယ်။ ဘူတာကြီးတွေမှာတော့ ရထားအ၀င်၊
အထွက်အချိန်ပြတဲ့ဆိုင်းဘုတ်ကြီးကိုတွေနိုင်ပါတယ်။ အခက်အခဲရှိရင်Bahn Service Center
မှာမေးလို့ ရပါတယ်။ ဘူတာမှာ ပေါင်မုန့် ဆိုင်၊ စာအုပ်ဆိုင်၊ကော်ဖီဆိုင် စတာ တွေလည်း
ရှိတယ်။ မြို့ အကြီးအသေးပေါ်မူတည်ပြီး အနည်း အမျ
ားကွာတာပေါ့။ အဲ့ဒီဆိုင်တွေက
တနင်္ဂနွေနေ့ တွေပါဖွင့်တယ်။ ဂျာမနီမှာ တနင်္ဂနွေနေ့ ဆိုရင် ဆိုင်
တွေပိတ်တယ်။
ကော်ဖီဆိုင်နဲ့ ပေါင်မုန့် ဆိုင်လောက်ပဲဖွင့်တယ်လေ
လက်မှတ်ရောင်းတဲ့နေရာမှာ
တန်းစီပြီး လက်မှတ်ဝယ်ရတယ်။ အခုတော့ စက်တွေ
အများကြီးထားထားတယ်။
အစပိုင်းတော့ ဟိုနှိပ်ဒီနှိပ်နဲ့ ပေါ။ ပြပေးတဲ့လူလည်း
ရှိပါတယ်။ တချို့ လက်မှတ်တွေက စက်မှာပိုပြီးသက်သာတယ်။ ရထားပေါ်မှာ တော့လက်မှတ်မ၀ယ်စေချင်ဘူး။ ဈေးကြီးတယ်။
တချို့ ရထားပေါ်မှာက လက်မှတ်
စစ်ပဲပါတယ်။ သူကလက်မှတ်မရောင်းဘူး။
လက်မှတ်မပါရင် ဒါဏ်ရိုက်တယ်။
စင်္ကြန်မှာ လည်း လောလောဆယ်ထွက်မဲ့ရထား၊
ဘယ်အချိန် ဘယ်ကို ထွက်မယ်
ဆိုတာရေးထားပါသေးတယ်။အမြန်ရထားအတွက်ဆိုရင်တော့
ဘယ်နေရာမှာ
ဘယ်တွဲနံပါတ်ရပ်မယ်ဆိုတာရေးထားတော့ မိမိ reserved လုပ်ထားတဲ့
တွဲနေရာ
မှာစောင့်နေရုံပဲ။ တခါတလေတွဲမှားချိတ်တာလည်းရှိပါတယ်။ ဒါပေမဲ့ ရထားမလာခင်ကြေငြာပေးပါတယ်။





No comments: