Monday 25 May 2009

အပူဒဏ်

ဒီရက်ပိုင်း ကျမတို့ ဆီမှာ နေတော်တော်လေးပူနေတယ်။ အပူချိန် ၃၅°C
လောက်ရှိတယ်။ ကျမက ဒီလောက်အပူချိန် ကိုပူတယ်ဆိုရင် ဒီမှာရှိတဲ့
လူတွေရော၊ ရန်ကုန်က လူတွေကပါ နားမလည် နိုင်ကြဘူး။
ကျမလည်း ဒီရောက်မှ အပူဆိုတာနှစ်မျိုးရှိမှန်း သိလာတယ်။
ကျမနေတဲ့ ဂျာမနီတောင်ပိုင်း (ဒီကအခေါ် တြိဂံ နယ်ပေါ့။ ဂျာမနီ၊ ပြင်သစ်၊
နဲ့ ဆွစ်ဇာလန် နယ်စပ်) မှာ နွေဆိုရင် တခါတလေ ၄၀°C လောက်အထိ
ပူတယ်။ ဒီမှာကလေ ကခြောက်ပြီး နေရောင်ကအရမ်းစူးတယ်။
နေတပတ်လောင်ဆက်တိုက်ပူတာနဲ့  ချောင်းထဲကရေတွေတောင်
ခန်းကုန်ရော။ ဆောင်းတွင်းတတွင်းလုံး မွေးထားတဲ့ကျမရဲ့အသားလည်း
နေပူထဲနှစ်ခါလောက်ထွက်လိုက်တာနဲ့  မဲပြောင်သွားရော။
ဒီမှာ သူတို့ က နေပူရင်ထီးမဆောင်းကြဘူးလေ။ နေပူထဲ ထီးဆောင်း
သွားရင် အရူးလိုကြည့်ကြရော။
အဲဒီတော့နေပူထဲသွားတာနဲ့  ခေါင်းကိုက်တယ်။ ရေဓါတ်ကုန်တာမြန်
တော့ မူးနောက်နောက်နဲ့ ။ ကျမတော့ရေဘူလေးသယ်သယ်သွားတယ်။
ဒီမှာ Air Con.ရှိတဲ့နေရာက သိပ်မရှိဘူး။
ဒီမှာရှိတဲ့ Asianတွေ ဒီကအပူဒဏ်ကိုမခံနိုင်ကြဘူး။

ဒါပေမဲ့ သူတို့ ကတော့ နေထွက်လာတာနဲ့ နေပူစာခံတော့တာပဲ။
သူတို့ ကတော့ အဖြူရောင်အသားကို ညိုမှောင်အောင်နေရောင်
ခံကြတယ်။ ကျမကတော့ ကျမအသားလေး မဲမသွားအောင် နေရိပ်
ကိုရှာရတယ်။ ဒါတောင် ကျမရန်ကုန်ပြန်ရင် နေမကောင်းဘူးလား၊
နယ်ရောက်နေလို့ လားလို့ မေးကြတယ်။ ဒီမှာတော့ ကျမရဲ့ ညိုမှောင်
မှောင်အသားရောင်ကဟုတ်လို့ ပေါ့။
ဖြူလို့ ၊၀လို့ ၊လှလို့  ဆိုတဲ့ ကျမတို့ ရဲ့  စံနဲ့ တော့ မကိုက်တာသေချာတယ်။

No comments: