Monday 25 May 2009

စာအုပ်ပွဲ (Endingen)

ကျမတို့ ဒီနေ့ မိတ်ဆွေတယောက်အိမ်ကထမင်းစားဖိတ်ထားလို့  သွားကြတယ်။

မြန်မာနှစ်ယောက်၊ဗီယက်နမ် နှစ်ယောက်၊ ဂျာမန်သုံးယောက်၊စုစုပေါင်း(၇)ယောက်။

ကျမက မလုလုနည်းနဲ့ မြေပဲခရမ်းချဉ်သီးငပိချက် ရယ်၊ အစိမ်းကြော် ရယ်ချက်သွား

တယ်။ အချိုပွဲအတွက် ငွေထမင်းလုပ်သွားတယ်။

ကိုJohnက ၀က်သားဟင်း၊ အာလူးဟင်း၊ ဂေါ်ဖီနဲ့ အုန်းနို့ ဟင်း၊ ဘရာကြော်၊

ပဲဟင်း...စုံလို့ ပဲ။ ထောပတ်ထမင်းလည်းချက်ထားသေးတယ်။

Hongတို့ က ၀က်သားပြုတ်ကြော်၊ ဗီယက်နမ် အသုပ်၊

Ludwig က ဥနီအသုပ်။

Karin က စတော်ဘယ်ရီနဲ့  Vanilla Sauce, Rababa Cake.

ကျမတို့  စားလို့ ကောင်းလိုက်တာ မနဲ

ထယူရတယ်။စားသောက်ပြီးတော့

Endingen ကBook Market ကိုသွားလည်

ကြတယ်။Book Market က အဲ့ဒီမြို့မှာ

တစ်နှစ်တစ်ခါလုပ်တယ်။

စာအုပ် အသစ်တွေရောအဟောင်းတွေပါ

ရောင်းတယ်။ ဈေးလည်းသက်သာတယ်။

ကျမကတော့ ၃ အုပ်ဝယ်လာတယ်။

ညနေကြတော့ ဟင်းတွေ ပိုနေလို့  အိမ်အတွက်တောင်

ထည့်ပေးလိုက်သေးတယ်။

ဒီနေ့ တော့ ဇိမ်ကိုကျနေတာပဲ။

No comments: