Friday 19 February 2010

Fasting time

Karneval ပြီးသွားတော့ Fastenzeit ( Fasting time) အချိန်ကိုရောက်လာတယ်။
Aschermittwoch
ကနေ Ostern (Easter) အထိ ၇ပတ်ကတော့
ဂျာမနီမှာတော့ Fastenzeit အချိန်ပါ။ ဒီဓလေ့က တော့ ခရစ်ယန်
ဘာသာကဆင်းသက်လာတာပါ။ ကျမတို့  ဗုဒ္ဓဘာသာတွေ ၀ါတွင်း
ဥပုသ်ဆောက်တည်ကြသလိုမျိုးပေါ့လေ။ ခရစ်စမတ် ပွဲအချိန်ကစပြီး
အစားကောင်းအသောက်ကောင်းတွေစားသောက်လာကြတာ။
ဒီ Aschermittwoch (၁၇.၁.၂၀၁၀) လည်းပြီးရော အစားအသောက်တွေ
ခြိုးခြံကြရတယ်။ အရင်တုန်းကတော့ ဒီကာလအတွင်းမှာ အသားမစားကြဘူး။
အချိုတွေ၊ အရက်၊ ကော်ဖီ၊ နို့ ထွက်ပစ္စည်းစတာတွေကို ရှောင်ကြတယ်။
အခုတော့ လူတော်တော်များများက မလုပ်ကြတော့ဘူး။ တချို့ ကတော့
ဒီကာလမှာအချို တွေ( သကြားလုံး၊ချောကလက်၊ ) လောက်တော့ရှောင်
ကြတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကြည့်တာ။ သီချင်းနားထောင်တာ၊
တီဗီကြည့်တာတွေလည်းရှောင်ကြတယ်လို့ ပြောပါတယ်။

တချို့ ကြတော့လည်း ခရစ်စမတ်ပွဲ ကနေ ဆောင်းတတွင်းလုံး အဆီအစိမ့်
တွေစားလာပြီး၊ ဒီရာသီရောက်မှ Diet လုပ်ကြတယ်တဲ့။
တချို့  စာစောင်တွေမှာ Fastenzeit ( Fasting Time) menu တွေတွေ့ ရတယ်။
ကျမအရင်အလုပ်လုပ်တဲ့ဆေးခန်းကဆိုရင် Fasting Seminar တောင်လေ့ရှိတယ်။
ကျမတို့ စားသောက်ထားတဲ့ အစားအစာတွေထဲက ကျန်နေတဲ့ အဆိပ်အတောက်
တွေကို Fasting လုပ်ပေးခြင်းနဲ့  ထုတ်ပစ်လို့ ရတယ်လို့ ဆိုပါတယ်။ Fasting လုပ်
ခြင်းနဲ့ အဆိပ်ထုတ်တဲ့ အကြောင်းစာအုပ်တွေလည်းတော်တော်များများ
တွေ့ ရတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကျမတော့လိုက်မလုပ်ဖြစ်သေးဘူး။


5 comments:

လသာည said...

အစ်မရှင်လေး..
fasting လုပ်တာတော့ စိတ်ဝင်စားပါတယ်.. ဒါပေမဲ့လေ အစား မက်တာ ခက်တာ အစ်မရယ် ဘယ်လိုလုပ်မလဲ ဟိ

စူးနွယ်လေး said...

habe noch nie gefastet!!

လုလု said...

မမရှင်လေးရေ့ 
fasting ကတော့ ဘယ်တော့မှ လုပ်ဖြစ်မလဲ မသိပါ။
အစားအသောက် မီးလိုတောက် တဲ့။

ဇွန်မိုးစက် said...

ဇွန်လည်း သူတို့လိုပဲ fasting လုပ်သင့်တယ် အစ်မရေ။ ချော့ကလက်တို့ နို့ထွက်ပစ္စည်းတို့ဆို သိပ်ကြိုက်။ ဒါကြောင့်လည်း ကိုယ်အလေးကျတယ်လို့ကို မရှိတာ။ အစ်မရှင်လေးကတော့ ကြည့်လို့ကောင်းတယ်နော်။း)

ချစ်ကြည်အေး said...

ညီမငယ် ဇွန်မိုးစက်ဆီမှာတွေ့လို့ လာခဲ့တာ...စ ဖတ် ဖတ် ချင်း အီသွားတယ်...စားချင်တာတွေ မလျော့နိုင်သေးလို့ ညီမရေ...:))