Tuesday 8 June 2010

ကျမတို့ မိသားစုလေး

ငယ်ငယ်တုန်းကပါ။ မှတ်မိပါသေးတယ်။ ဒေါ်ရင်ဝိုင်းကျောင်းကို အဖေဆိုတဲ့သူ
အမေနဲ့ ပါလာတဲ့နေ့ ကိုပါ။ ဗလတောင့်တောင့်၊ပုဆိုးကို တိုတိုဝတ်တဲ့ လူကြီးက
ကျမဖေဖေတဲ့။ ကျမက ခပ်စိမ်းစိမ်းတော့ရှိနေတာမှတ်မိသေးတယ်။
ကျောင်းက အပြန် ခင်စိုးဓါတ်ပုံတိုက်မှာ ရိုက်ထားတဲ့ပုံလေးပါ။ မိသားစုပုံဆိုလို့ 
ဒီတစ်ပုံသာ အတော်ကြာကြာရှိခဲ့တာပါ။
ငယ်ငယ်က လက်ဝှေ့ ထိုးတဲ့ အဖေ၊ ဂေါက်သီးရိုက်လေ့ရှိတဲ့အဖေ၊ ကျမဘ၀မှာ မမေ့နိုင်
်စေတဲ့ဓမ္မ ပုံပြင်လေးတပုဒ်ပြောပြဘူးတဲ့အဖေ။
အဖေက မကြာမကြာသာကျမဆီလာတွေ့ ပေမဲ့ အဖေကို အမေ့လိုပဲချစ်ပါတယ်။
အခုတော့ အဖေနဲ့ မတွေ့ ဖြစ်တာ ၅နှစ်၊ ၆နှစ်လောက်ရှိရောမယ်။
တွေ့ ချင်ပေမဲ့ တွေ့ ချင်တိုင်းတွေ့ လို့ မရတာကြောင့်ပါ။
အခုတော့ အဖေတယောက် နေမကောင်းဘူးလို့ ကြားပါတယ်။ ကျမသွားတွေ့ ရင်
သူ့ မိသားစုက ကြိုက်မကြိုက် မသိတာကြောင့် ( မကြိုက်ဖို့ များပါတယ်) သွားမတွေ့ 
ခဲ့ပါဘူး။
လူကြီးတွေဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းမှာ ကျမ ဆက်ပြီးပြသနာအဖြစ်မခံချင်တော့တာပါ။
ကျမကြောင့် အဖေနဲ့ သူ့ မိသားစုကြားပြသနာမဖြစ်စေချင်တာပါ။
အဖေလည်း ကျမကို မေ့ရင်တောင်မေ့နေမလားပဲ။
ဘာပဲဖြစ်ဖြစ် အဖေကျန်းမာပါစေလို့  နေ့ တိုင်းဆုတောင်း၊ မေတ္တာပို့ ၊ အမျှဝေပေးနေပါတယ်။

16 comments:

Mon Petit Avatar said...

Wish you all the best for you, your mom and your dad.

လသာည said...

မမရှင်လေး..
မမရဲ့ဖေဖေ့ကို တအားစိတ်ပူနေမှာပဲနော်..။ မမရဲ့ဖေဖေ.. အမြန်ဆုံးနေကောင်း ကျန်းမာပါစေလို့..

ခင်တဲ့
လသာည

ဇွန်မိုးစက် said...

အစ်မရှင်လေး အဖေနဲ့ ပြန်ဆုံတွေ့ခွင့် ရစေချင်ပါတယ်။ ဇွန့်မေမေဆို အဖိုးနဲ့ အသက်ဆယ့်တစ်နှစ်သမီးကတည်းက ကွဲသွားတာ အဖိုးဆုံးတဲ့အထိ ပြန်မတွေ့နိုင်ဘူး။ တွေးမိတိုင်း အမေ့အတွက် စိတ်မကောင်းဖြစ်ရတယ်။

PAUK said...

မရှင်လေး...

တွေ့ချင်ရင်..စိတ်မှာသိပ်ပြင်းပြရင်..
သွားတွေ့သင့်ပါတယ်..။
နောင်မှ နောင်တရမှာစိုးတယ်..။။
ဘယ်သူကြိုက်ကြိုက်..မကြိုက်ကြိုက်..
ကိုယ့်ဖခင်ဟာ ဖခင်ပဲလေ..။

Anonymous said...

အမေတူသမီးပဲ။ မရှင်လေးအမေက အသက်ကြီးတဲ့အချိန်မှာ ပို ချစ်ဖို့ကောင်းလာတယ်။
mm

AMK said...

မမရဲ့  မေမေက ချောတယ်နော်

rose of sharon said...

နားလည်ခံစားမိပါတယ်ရှင်လေးရေ

မီးမီး said...

ထပ်တူခံစားမိပါတယ်

Shinlay said...

သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

မမိုး said...

ရှင်လေး..ဒီပိုစ့်ဖတ်ပြီး စိတ်မကောင်းဘူး..

ဆောင်း said...

အဖေဆိုတာ အစားထိုးလို့ မရဘူး။ တကယ် လိုအပ်တဲ့ အချိန်မှာ သွားတွေ့ သင့်တယ် လို့ ထင်ပါတယ်။ အဖေမရှိခဲ့ရင် တော့ မမြင်ချင်သူတွေကို ဥပေခါ လုပ်လို့  ရတယ်မဟုတ်လား
အဖေဟာ အဖေဘဲလေ

khin oo may said...

အမေက အတော်ချောတယ်။

အဖေက အဖေပါဘဲ တွေ့ဘို့ကြိုးစားပါ. မတွေ့နိုင်ရင်တောင် ဖုံးဆက်နိုင်ဘို့ကြိုးစားပါ. သေမှ မငိုချင်ပါနဲ့။

မြစ်ချေသူ said...

အစ်မရေ ဒီပိုစ့်ကို ဖတ်ပြီး တစ်မျိုးကြီးခံစားရတယ်။

Vista said...

မရှင်လေး မေမေရယ်နေတဲ့ ပုံလေးကမရှင်လေးနဲ့ တူလိုက်တာနော် ။

သွားတွေ့ လိုက်ပါမရှင်လေး အသက်တွေလည်းကြီးနေမှဟာပဲ မကြိုက်ဘူးကြိုက်တယ်မရှိလောက်ပါဘူး ရှိလည်းဂရုမစိုက်သင့်တော့ဘူး။

Moe Cho Thinn said...

ဒီပုံလေးကို သိမ်းထားတယ်ဆိုတာလေး အဖေသိအောင် ပြောပြလိုက်စေချင်ပါတယ်။ သူ ကျေနပ် ၀မ်းသာမှာပါ။
စိတ်ကို လှုပ်ရှားစေတဲ့ ပို့စ်လေးပါပဲ မရှင်လေး။

khin oo may said...

စိတ်မကောင်းပါ.။