Friday 24 December 2010

ပွဲတော်ညနေ

ဒီနေ့ က ခရစ္စမတ် အကြိုနေ့ ပါ။ ဂျာမနီရဲ့  ၂၀၁၀ခုနှစ် ခရစ္စမတ်ပွဲ
စတဲ့နေ့ ပါ။ တကယ်တော့ဒီပွဲက ကျမနဲ့ သိပ်မရင်နှီးပါဘူး။ ဒီနှစ်တော့
အိမ်မှာ ဘာမှပြင်ဆင်မှုမရှိပါဘူး။ ဒါပေမဲ့ မနေ့ ညနေ မြို့ ထဲရောက်တော့
လမ်းမှာလူတွေကလက်ဆောင်အ၀ယ်ထွက်ကြတာကြည့်ပြီး ပွဲလမိုင်းကပ်လာပါတယ်။
ညဘက် တီဗီမှာ ခရစ္စမတ်သီချင်းတွေနားထောင်ရင် တက်တက်ကြွကြွဖြစ်လာပါတယ်။
ဒီနေ့ မနက် နှင်းတွေကလည်းကျတော့ ခရစ္စမတ် ပွဲဟာ ပိုအဓိပ္ပါယ်ရှိလာတယ်။

ကျမကတော့ တနေ့ ခင်းလုံး ညနေစာအတွက်ပြင်ဆင်နေပါတယ်။ ဘယ်သူမှ မရှိလည်း
အကြောင်းမဟုတ်ပါဘူး။ အဓိက က ကျမကိုယ်တိုင် သူများတွေပွဲကျင်းပတဲ့အချိန်မှာ
ပါဝင်နေဖို့ ပဲလိုပါတယ်။

ဒီနေ့ ညစာကို အရင်နှစ်တွေက steak တမျိုးမျိုးလုပ်လေ့ရှိပေမဲ့ ဒီနှစ်တော့Thomas
မကြိုက်တဲ့ ဘဲသားလုပ်ဖြစ်ပါတယ်။ ဘဲကို ပေါင်းပြီး ပဲငံပြာရည်၊ ပျားရည်တို့ နဲ့ံ
့ပြန်နှပ်ထားပါတယ်။ Polenta ၊ ဥနီ၊ ဘရိုကိုလီ၊ ရွှေဖရုံသီ တို့ နဲ့ တွဲစားဖို့ ပါ။


ဆလပ်ရွက်၊ဥနီ၊ပြောင်းဖူးတို့ ကို ရောပြီး Salat လုပ်ထားပါတယ်။


အချိုပွဲကတော့ Windbeutel ကို ဗနီလာခရင်မ် နဲ့  လိမ္မော်ခြမ်းလေးတွေနဲ့ ပြင်
ဆင်ထားပါတယ်။ ပထမအကြိမ်းစမ်းလုပ်ကြည့်တာပါ။ ကော်ဖီလည်းပါပါသေးတယ်။


မြန်မာဆန်ဆန် လက်ဖက်ပွဲလေးလည်းပါသေးတယ်။ လက်ဖက်ခြောက်ကို
နှပ်ထားတဲ့ လက်ဖက်နဲ့  ဒီမှာကြံဖန်ထားတဲ့ အကြော်လေးတွေပါ။ ညဘက်
တီဗီကြည့်ရင်းစားဖို့ ပါ။


သောက်စရာကတော့ စပျစ်ဖျော်ရည်ပါ။ လက်ဘက်နဲ့ တွဲသောက်ဖို့ ကတော့
Wintertee လုပ်ထားပါတယ်။
စားနေတုန်း တီဗီက ခရစ္စမတ်သီချင်းတွေနားထောင်ရင်း ကျမရဲ့  ခရစ္စမတ် အကြို
ညနေစာ ကို စားဖြစ်ပါတယ်။

ထမင်းစားပြီးတော့ မိတ်ဆွေတချို့ ပေးထားတဲ့ လက်ဆောင်လေးတွေ ဖေါက်ဖြစ်ပါတယ်။
Brigitte က ဒီနေ့ ဘာချက်ရမလဲ လို့ ရေးတားတဲ့ ပြက္ခဒိန်လေးပေးထားပါတယ်။
တနေ့ တမျိုး ဟင်းချက်နည်းလေးတွေနဲ့ ပုံလေးတွေပါပါတယ်။ ကျမအတွက် အလွန်
အသုံးဝင်ပါတယ်။ Danke Brigitte!!!



Gavina က အနံ့ ပါတဲ့ဖယောင်းတိုင်ခွက်လေးတွေနဲ့  အမွှေးအနံ့ ထဲ့မီးထွန်း
ဖို့ ခွက်လေးပေးပါတယ်။ အနံ့ အမျိုးမျိုးပြောင်းထွန်းလေ့ရှိတဲ့ကျမအဖို့  အတော်ပါပဲ။
Danke Gavina!!!



အလုပ်ကဆရာဝန်တွေကတော့ ချောကလက်အလုံးလေးတွေ ဆွစ်ဇလန်က တကူးတက
ဝယ်လာပြီးပေးပါတယ်။ စားကြည်တော့ ထုံးစံအတိုင်း အရက်တွေပါတာနဲ့ 
ဘေးဖယ်ထားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တကူးတက စီစဉ်ထားလို့ ကျေးဇူးတင်ပါတယ်။
Danke Chefs!!!!


အလုပ်မှာ အဟာရ ပညာပေးလုပ်သူကတော့ သူကိုယ်တိုင်လုပ်ထားတဲ့  ကဒ်လေးပေးပါတယ်။
ချစ်စရာလေးပါ။ Danke Andrea!!!


အိမ်နီးချင်းမိတ်ဆွေက ကဒ်ကလေးတခုအိမ်ဝမှာ မနက်ကလာထားသွားတယ်။
Danke Fam. Göhring!!!


ကျမတယောက်ထဲကျင်းပတဲ့ ခရစ္စမတ် အကြိုညလေးကတော့ ပျော်ရွှင်စွာ
ဲပြီးစီးသွားပါတယ်။

သူငယ်ချင်းတို့ လည်း ပျော်ရွှင်ဖွယ် ပွဲတော်ရက်တွေနဲ့  ပျော်ရွှင်ဖွယ်နှစ်သစ်
ဖြစ်ပါစေလို့  ဆုတောင်းလျှက်.........

6 comments:

Anonymous said...

အမရေ...
ပျော်ရွှင်စရာ ခရစ္စမတ်လေး
ဖြစ်မြောက် သွားတာပေါ့နော်
ပျော်ရွှင်စရာ အားလပ်ရက်လေးတွေနဲ့
မင်္ဂလာရှိသော နှစ်သစ်လေးကို ကြိုဆို
နိုင်ပါစေ :)


Baby taster

Sunny said...

စားစရာတွေ လက်ဆောင်တွေ ကြည့်ရတာနဲ့တင် ပျော်စရာကြီး မမရေ.. လက်ဆောင်တွေထဲမှာ ပြက္ခဒိန်လေးကို သဘောအကျဆုံးပဲ..

Kyaw Hnin Se Lwin said...

မရှင်လေးရေ
ပျော်စရာကြီး....
လုပ်ထားတဲ့မုန့်လေး ချစ်ဖို့ကောင်းလိုက်တာ
ပြီးတော့ဘဲသားကလည်း ရှယ်ပဲနော်
နီးရင်လာလည်ချင်လိုက်တာ
အဲလိုမုန့်တွေများတဲ့ရက်မှာ
:D

AMK said...

Merry Christmas and Happy New Year Ama.

ချော(အစိမ်းရောင်လွင်ပြင်) said...

စားစရာလေးတွေက စားဖို့ထက် ချစ်ဖို့ကောင်းနေတယ်...
အသီးအရွက်လေးတွေကို ဆလတ်လုပ်ထားတာ ကြိုက်တယ်..
ကြည့်ရတာ ပျော်စရာကြီးဘဲ...
Merry X'mass and Happy New Year!

Anonymous said...

ပြက္ခဒိန်လေးကို ကြိုက်သွားပြီ တနေ့တမျိုး စဉ်းစားစရာ မလို ပြက္ခဒိန်ကြည့်ချက်ယုံ
ပျော်စရာဘဲ အသီးအရွက်ကတော့ ဘယ်လိုကျွေးကျွေး ကြိုက်ပါတယ်
ခရစ်စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ခင်မင်စွာဖြင့်
seesein