Saturday 19 February 2011

ကြေးအိုး အလွမ်းပြေ


တနေ့ ကသူငယ်ချင်းပို့ လိုက်တဲ့ ကြေးအိုးလုပ်နည်းလေးအတိုင်းလုပ်စား
ဖြစ်ပါတယ်။ ကြေးအိုးစားရင်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အတူတူ
ကြေးအိုး ဆိုင်ထိုင်ခဲ့ရတာတွေအမှတ်ရသွားတယ်။
ကျမကြေးအိုးဆိုတာကိုစသောက်ဖူးတုန်းက တစ်ပွဲကို ၃ ကျပ်ပါ။
လှည်းတန်းထိပ်က ဆိုင်မှာ မောင်နှမတွေနဲ့ စသောက်ဖူးတာပါ။
ကျမ အစ်မ၀မ်းကွဲ မချို ကကြေးအိုး အလွန်ကြိုက်ပါတယ်။ ကျမတို့ 
နှစ်ယောက် မုန့် ဖိုး စုပြီးသွားသောက်ကြလေ့ရှိပါတယ်။ တက္ကသိုလ်
ရောက်ပြန်တော့ တွဲဖြစ်တဲ့ သူငယ်ချင်းတွေကလည်း ကြေးအိုးအလွန်ကြိုက်
ကြပါတယ်။ အချိန်ရတာနဲ့ မြို့ ထဲပြေး ကြေးအိုးသောက်ကြတာပါ။
သူငယ်ချင်းတယောက်ဆို တခါစားရင် ၂ပွဲ အသာလေးပဲ။

အခုတော့ ကျမတယောက်ထဲ ကိုယ်တိုင်လုပ်တဲ့ ကြေးအိုး ( အရသာနီးစပ်တဲ့)
ကိုစားရင်း ဘ၀ပြောင်းသွားတဲ့ မချို နဲ့  အဝေး နေရာတွေကို ရောက်နေကြတဲ့
ချစ်သူငယ်ချင်း စိုးစန္ဒာ၊ စန္ဒီ၊ ဘဲဥ၊ နဲ့ နွယ် တို့ ကို သတိရနေမိပါတယ်။
ကြေးအိုးစားပြီးတော့ ထုံးစံအတိုင်း ကျမရဲ့ ကြေးအိုး သမိုင်းကြောင်းကို
ကိုသောမတ်စ် အား အလွမ်းပြေ ပြောပြရင်း .....

ကြေးအိုးကိုတော့ ဒီမှာရေးထားတဲ့အတိုင်းလုပ်ပါတယ်။

Rice Noodle in Pork Soup Kyay-o

Kyay-o is a Burmanized style of Chinese noodle dish "Quetayong".
It originally is a Chinese dish. Very similar one is also available in
Thailand as Quetayong too. It is simple, but very popular for its
taste. This is very similar to the Vietnamese "Pho".

Ingredients: (for 2 servings)

* 2 lb pork bones
* 1 tea-sp salt
* 1 tea-sp pepper
* 1/2 tea-sp sugar
*
* 2 lb ground pork
* 1/4 tea-sp Chinese masala (5 Chinese spices)
* 1/4 tea-sp salt
* 1/2 tea-sp wheat flour
* 1/2 tea-sp rice flour
*
* 2 boiled & unshelled quail eggs
* 2 eggs
* 1/4 lb green mustard leaves
*
* 1 lb thick/thin rice noodle (boil noodle first if dried)

Instructions:

1. Boil the top 4 items in 2 quarts of water for 30 minutes until
the meat beside the bones comes out

2. Mix or blend the ground pork with spices, salt, 1 tbsp of water,
rice and wheat flour well. Leave for about 5 minutes. Then scoop
with a tea-spoon and add them into the boiling soup, scoop by scoop,
not as a whole. Keep the soup boiling and do not stir at this time,
so that the ground pork forms into meat balls.

3. Add noodle and mustard leaves into soup not more than a minute
and serve. Put raw eggs, if you wish, into the soup bowls. The soup is
so hot that eggs will get cooked in your bowl!

4. Spice up with hot and sour chily sauce, and pepper.

10 comments:

Anonymous said...

အမရှင်လေး ကျေးဇူးနော်
နေမကောင်းနေတော့ စဉ်စားနေတာ
ဘာစားရမလဲလို့ အခုတော့ ကြေးအိုး
သောက်တော့မယ်း)

Baby taster

အပြုံးပန်း said...

ဘ၀အဖော်နဲ့ စားတော့ တမျိုးအရသာပေါ့ အမရယ်၊

ကြေးအိုးက တူတယ်နော်၊

nu-san said...

ကြေးအိုးကို အရမ်းကြိုက်တယ် မရှင်လေးရေ.. အမ အားရင် ချက်နည်းလေး ပြန်ရှယ်ပါဦး.. :D အမ ရေးထားတာ ဖတ်ရင်း အရင်တုန်းက သူငယ်ချင်းတွေနဲ့ ကြေးအိုး သွားစားခဲ့တာ သတိရမိတယ်.. ကျနော်လည်း အရမ်းကြိုက်လို့ ဘာစားမလဲမေးရင် ကြေးအိုးပဲ စားမယ်ဆိုပြီး ခဏခဏ သွားစားဖြစ်ခဲ့တာ...

Anonymous said...

can you please post the recipe.

thanks.

Shinlay said...

Baby taster၊ အပြုံးပန်း၊ လာလည်တာ ကျေးဇူးပါနော်။
nu-san နဲ့  မိတ်ဆွေတယောက်...
ကြေးအိုးလုပ်နည်း ထပ်ရေးပေးထားပါတယ်။

T T Sweet said...

စောစောစီးစီး ကြေးအိုး လာမြည်းသွားပါတယ်။ လုပ်မစားဖြစ်တာကြာလို့ စားချင်လာပြီ။

ညီလင်းသစ် said...

အရင်က ကြေးအိုး သိပ်မစားဖြစ်ပေမယ့် ဒီတခေါက် ပြန်တော့ ရန်ကင်းကြေးအိုး တော်တော် စားဖြစ်လိုက် တယ်၊ တစ်ခွက်ထဲနဲ့ အားလုံးပါတော့ ကောင်းတယ်၊ မ, ရှင်လေး ကြေးအိုးက စားချင်စရာလေး...။

Anonymous said...

တူတယ်နော် စားချင်စရာပဲ
တခါမှ မလုပ်ဖူးသေးဘူး အသားမစုံလို့ဆိုပြီး
ကြိတ်သားတမျိုးတည်းနဲ့ လုပ်ကြည့်ဦးမယ် မရှင်လေးရေးထားသလို

စူးနွယ်လေး

လသာည said...

ကြေးအိုး အရမ်းကြိုက်တယ်...။
ရန်ကုန်ကနေ ဂျပန်လာခါနီး အခက်အခဲတစ်ခုတွေ့တာနဲ့ သူငယ်ချင်းတွေ စိတ်မောမောနဲ့ ကြေးအိုးသွားသောက်ကြတာတောင် ပြန်သတိရသွားတယ်..။

မရှင်လေး လုပ်ထားတာလေး မြင်ရုံနဲ့ အခုကို စားချင်လာပြီ..

Myanmar Good Knowledg Co., Ltd said...

ကြေးအိုးက တူတယ်။ စားတောင်စားချင်လာပြီ။
မနက်ဖန်ချက်မယ်။ဒီနေ့တော့ အောင့်ထားလိုက်ဦးမယ်။