Wednesday 16 November 2011

စတုဂတ် (Stuttgart) အမှတ်တရ

မြန်မာသူငယ်ချင်းတွေနဲ့ တွေ့ ရမှာမို့ တလမ်းလုံးကျမ ပျော်နေမိတာပါ။
စတုဂတ်ဘူတာရောက်တော့ လာကြိုနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို
တွေ့ တာနဲ့ စိတ်ထဲက မြန်မာပြည်ရောက်နေသလိုဖြစ်သွားရပါတယ်။
စကားတွေပြောရင်း မြို့ ထဲကိုခဏသွားဖြစ်ကြပါတယ်။ အပြန်လမ်းမှာ
အာရှဆိုင်ကိုဝင်ပြီး ငါးကင်စားဖို့ ငါး နဲ့ လိုအပ်တာတွေဝယ်ကြတယ်။
သူငယ်ချင်းအဆောင်ရောက်တော့ ငါးကင်ပြီး၊ မာလာဟင်းချက်ဖိုပြင်ဆင်ကြ
တယ်။ ဒီကြားထဲမှာ အဆာပြေစားဖို့  ပန်းငရုပ်ပွ အစာသွပ်ဟင်း၊ Mozzarella နဲ့ 
ခရမ်းချဉ်သီးသုပ်တို့ လည်းလုပ်ထားကြသေးတယ်။ အရသာရှိလှတဲ့ မာလာဟင်းနဲ့ 
ငါးကင် ကိုရှူးရှူးရှဲရှဲ နဲ့ စားလိုက်ကြတာ။
ညကျတော့ စကားတွေပြောရင်း အတော်နောက်ကျမှအိပ်ဖြစ်ကြပါတယ်။
မနက်ရောက်တော့ တခြားသူငယ်ချင်း နှစ်ယောက်ထပ်ရောက်လာတယ်။
သူတို့  နဲ့ ကအခုမှတွေ့ ကြတာဆိုတော့ မိတ်ဆွေဖွဲ့ ကြ၊ ဘယ်ကလဲ၊ဘာတွေလုပ်တာလဲ
မေးကြ၊ပြောကြ... ...။ သူငယ်ချင်းတွေက ဈေးသွားပြီး ဟင်းချက်စရာတွေသွားဝယ်ကြတယ်။
အဲ့ဒီနေ့ က ဟင်းကောင်းတယ်။ ကြက်သားဟင်း၊ ၀က်သားချဉ်သုပ် ...
အပြင်ဘက် နေရောင်အောက်က ခုံတန်းမှာ ထိုင်ကြရင်း ထမင်းဟင်းကောင်း စားရတာ
ဘယ်တော့မှမေ့မှာမဟုတ်ပါ။
ကျမလည်းကြုံတုန်း အိန္ဒိယ က မိတ်ဆွေများရဲ့  ပူရီလုပ်ကြပုံ၊ ကြက်သားဟင်းချက်ကြ
ပုံကို လေ့လာခဲ့သေးတယ်။ အဲ့ဒီနေ့ က အိန္ဒိယ မိတ်ဆွေတွေကလည်း မိတ်ဆုံစား
ပွဲရှိလို့ ကျမတို့ နဲ့ အပြိုင်ချက်ကြတယ်လေ။ မီးဖိုထဲမှာပျော်စရာကြီး။ ဟင်းနံ့ တွေကို
မွှေးနေတာပါပဲ။

နေ့ ခင်းရောက်တော့ မယ်ဇလီဖူးသုပ်နဲ့ ရေနွေးချမ်း.... နောက်ထပ်ရောက်လာတဲ့
သူငယ်ချင်းတွေနဲ့ ဆို စုစုပေါင်းမြန်မာ (၇)ယောက်။ ပျော်စရာကောင်းလိုက်တာ။
စကားတွေပြောကြ၊ အစားတွေစားကြ၊ ... အချိန်တွေက ကုန်တာမြန်လိုက်တာ။

အချိန်တန်လို့ အိမ်ပြန်ကြတော့ ပြန်ရမယ့်သူတွေက မပြန်ချင်သလို၊ ကျန်ခဲ့ရတဲ့သူ
တွေကလည်း မခွဲချင်ကြပါဘူး။ ကျမလည်းအိမ်ပြန်လာရပေမဲ့ ခဏလေးတွေ့ ခွင့်ရ
သိခွင့်ရကြတဲ့ သူငယ်ချင်းတွေအကြောင်းကို တွေးရင်း အပြန်လမ်းမှာ လွမ်းနေမိပါတယ်။

ှုဧည့်ဝတ်ကျေကြတဲ့ သူငယ်ချင်းတို့ ကို အထူးကျေးဇူးတင်လျှက်ပါ။

7 comments:

ညီလင်းသစ် said...

ူပျော်စရာကြီး..၊ အဲဒီလို မြန်မာသူငယ်ချင်းတွေနဲ့ တစုတဝေးထဲ မတွေ့ရတာ ကြာပြီ..။ မ,ရှင်လေးဆီက အပျော်တွေကူးပြီး ဟင်းတွေကိုတော့ မှန်းကြည့်ပြီး သွားရည်ကျ သွားတယ်..။း)

မီးမီးငယ် said...

ပျော်စရာကြီး၊သူငယ်ချင်းတွေအများကြီးနဲ့ ၊
စားကောင်းသောက်ကောင်းတွေနဲ့ ၊
မနာလိုဘူးနော်...:))

မိုးစက်ပွင့် said...

အပျော်တွေ ကူးစက်သွားပါတယ် :)))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်းနံ့တွေ မွှေးတယ်ဆိုလို့ အနံ့တောင် ရသွားပြီ..
ပျော်ရွှင်စရာနေ့ရက်တွေ အမြဲပိုင်ဆိုင်ပါစေ မရှင်လေး.

လပြည့်ရိပ် said...

စကားတွေပြောရတာ အားမရခဲ့ဘူး ။ နောက်တခါကို မျှော်နေမယ် အစ်မ ...

ရတနာ said...

နောက်တခေါက် (December) မှာ ထပ်ဆုံကျရအောင်နော် အစ်မ။

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
ဒီနေ့ တော့ အိန္ဒိယ က မိတ်ဆွေများရဲ့  ပူရီ လုပ်နည်း နဲ့ လက်စွမ်းပြလိုက်ပါတယ်။