Saturday 14 April 2012

သင်္ကြန် ပီတိ

ဒီနေ့ တော့ တနှစ်လုံးစောင့်နေရတဲ့ သင်္ကြန် အလှူပွဲကိုရောက်ပါတယ်။
ဒီကိုရောက်နေတဲ့ သူငယ်ချင်းနဲ့ ပထမဆုံး ပြန်တွေ့ ရမှာ မို့ လည်း
စိတ်လှုပ်ရှာနေတာပါ။ သင်္ကြန်အတွေးတွေကို အကောင်အထည်ဖေါ်တဲ့ နေ့ 
ဆိုပါတော့။
မနေ့ ကတည်းက ဟင်းချက်စရာတွေစီစဉ်၊ သယ်သွားရမှာတွေထုပ်ပိုး နဲ့ 
အိပ်လို့ တောင်သိပ်မပျော်ခဲ့ဘူး။
မနက်က လေးနာရီထပြီး ဘုန်းကြီးဆွမ်းကပ်ဖို့ ပုဇွန်ဟင်းချက်၊ ဧည့်သည်တွေစားဖို့ 
ကြာဇံကြော်၊ သူငယ်ချင်းတွေအတွက် မုန့် လုံးရေပေါ်လုံးနဲ့ .. မနက် ၆နာရီခွဲ အိမ်က
ထွက်နိုင်အောင် မနဲ လုပ်ရတယ်။
ပွဲလုပ်တဲ့နေရာကို ၂ နာရီလောက်မောင်းရတယ်။ ဟိုရောက်တော့ ဘုန်းကြီးဦးချ၊
ဟင်းပွဲတွေ မီးဖိုတဲကတာဝန်ရှိသူတွေပေးပြီး သူငယ်ချင်းနဲ့  ဈေးတန်ထဲလျှောက်
ကြည့်တယ်။ ဒန့် ဒလွန်သီးတွေတွေ့ တာနဲ့ ဝယ်ခဲ့တယ်။ မြင်းခွာရွက် မစားရတာကြာတာနဲ့ 
ဝယ်လာသေးပါတယ်။ ၀ယ်နေကျ ယိုးဒယားငပိထောင်းလည်းဝယ်ခဲ့တယ်။

အီကြာကွေ့ ကတော့ ကိုသောမတ်စ် ကြိုက်လို့ ဝယ်ကျွေးတယ်။ သူက မက်မန်းသီးဝယ်တယ်။
သူငယ်ချင်းက သရက်သီးသနပ်၊ ဆိတ်သားခြောက် လက်ဆောင်ပေးသေးတယ်။

ဘုန်းကြီးဆီက သီလယူ၊ ဆွမ်းလောင်း၊ ပရိတ်နာ၊အမျှဝေ၊ ပီတိဖြစ်ရပါတယ်။
ဘုန်းကြီးတွေကိုဆွမ်းကပ်ပြီးတော့ ကျမတို့ အားလုံး စုဝေးပြီးစားကြတယ်။ ပျော်ပျော်ပါးပါး
တကယ့် မြန်မာပြည်ရောက်နေသလိုပါပဲ။
အဲ့ဒီမြို့ နားမှာ စာလာသင်နေတဲ့ သူငယ်ချင်းကလည်းရောက်လာတာနဲ့  မြန်မာ ၃ရောက်
ဖြစ်သွားတယ်။ ပြောကြတဲ့ စကားတွေ မပြတ်နိုင်ဘူး။
သြော် ဘယ်တော့မှတခါပြန်တွေ့ ကြမလဲနော်။


အိမ်ပြန်ရောက်တော့ သင်္ကြန်သီချင်းတွေနားထောင်ရင်း စိတ်ထဲမှာ ပျော် သလိုလို
ဝမ်းနည်းသလိုလို......

ဒီနေ့ ပြု ခဲ့တဲ့ ကုသိုလ်တွေကို သူငယ်ချင်းတို့ ကို မျှဝေပါတယ်။

6 comments:

လပြည့်ရိပ် said...

သာဓုပါ အစ်မ .. ဒီနှစ်တော့ လာချင်နေပေမယ့် မရောက်နိုင်တော့ဘူး။ နောက်နှစ်မှာမှ တွေ့ဖို့ကြိုးစားကြမယ်နှော်။

ညီလင်းသစ် said...

ပျော်စရာကောင်းလိုက်တာ မ,ရှင်လေးရေ..၊ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ၊ သူငယ်ချင်းတွေနဲ့လည်း ဆုံဆည်းရ..၊ ကဲ..ဘာလိုသေးလဲ? စကားမစပ် ဓါတ်ပုံထဲမှာ မမှတ်မိလို့ မနည်းပြန်ကြည့်ရတယ်။း)

Shinlay said...

လပြည့်ရိပ်... နောက်နှစ်ကြလာခဲ့လေ။ ဒီကြားထဲ
တွေ့ ကြတာပေါ့။
ကိုညီရေ ၀ယ်လာတာတွေချက်စားပြီး သဘောကျနေတာ။

ကောင်းမွန်ဝင်း said...

ရှင်လေး
မနှစ်ကထက်ပိုလှလာတယ်။

Shinlay said...

ကောင်းမွန်ဝင်း။ ။မုန့် လုပ်ကျွေးမယ်နော်။:)

Anonymous said...

ဟုတ်တယ်။ ကောင်းပြောတဲ့အတိုင်းဘဲ။း))
အိုင်အိုရာ