Thursday 20 September 2012
လှည်းတန်း။ ၂၀၁၂
ကျမက တကယ်တော့လှည်းတန်းသူစစ်စစ်ပါ။ အသက် ၃၀ အရွယ်အထိလှည်းတန်း
မှာနေလာတဲ့သူဆိုတော့ လှည်းတန်းနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ အတွေးထဲမှာ
အများကြီးပါပဲ။ ကျမကလေးအရွယ် ငယ်ငယ်က လှည်းတန်း ပုံရိပ်၊ ၁၀တန်း
ကျောင်းသူအရွယ် ကလှည်းတန်းပုံရိပ်၊ တက္ကသိုလ်ကျောင်းသူဘ၀နဲ့ အလုပ်ဝင်စ
ကလှည်းတန်းပုံရိပ်၊ အခုတွေ့ နေရတဲ့လှည်းတန်းပုံရိပ်... ... ....
ဒီတခါပြန်တော့ လှည်းတန်း စန္ဒာမြိုင်ကွန်ဒိုမှာနေတဲ့  သူငယ်ချင်းဆီ ၃ခါလောက်
ပုံရိပ်တွေကို ပြန်တွေးနေမိခဲ့တယ်။
ကျမတို ငယ်ငယ်က လှည်းတန်းထိပ်ဆိုတာ ညနေခင်း အမေတို့ နဲ့ လမ်းလျှောက်
ထွက်တဲ့နေရာ။ တခါတလေ အဖေလာရင် သူတို့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းက
သိကျွမ်းခဲ့တဲ့မိတ်ဆွေဆိုင်တွေဆီ လမ်းကြုံဝင်ရင်း နှုတ်ဆက်လေ့ရှိတဲ့နေရာ။
ညနေစာ ထွက်စားဖြစ်ရင် အမေနဲ့ အဖေတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ
အတွေ့ အကြုံတွေ ကို နားထောင်ရာ နေရာ။ အဖေမိတ်ဆွေ အင်္ကျီချုပ်တဲ့ဆိုင် နေရာကတော့
အခု စိန်ဂေဟာ စူပါမာကက်ပေါ့။ ကျမငယ်ငယ်ကတော့ တန်းလျားအခန်းတွေနဲ့ ။
နောက်ပိုင်းတော့ တိုက်ခန်းတွေဆောက်ပြီးဆိုင်တွေဖွင်ကြတယ်။ အဲ့ဒီတုန်းက ကျမတို့ ကို
အင်္ကျီချုပ်ပေးတဲ့ ၀င်နီ အင်္ကျီချုပ်ဆိုင်။
ကျမ ၈တန်း က ၁၀ တန်းအထိတော့ အဲ့ဒီနေရာမှာ ဖွင့်တဲ့ ဆရာ ဦးလှဆောင် သင်္ချာသင်တန်း၊
ကျမတို့  ၁၀တန်းနဲ့ တက္ကသိုလ် အရွယ်တွေမှာ နာမည်ကြီးတဲ့ စေတနာရှင် လက်ဖက်ရည်ဆိုင်။
ကျမတို့ နဲ့ ရွယ်တူ ကောင်လေးတွေထိုင်လေ့ရှိတော့ ငယ်ငယ်က ဖြစ်သွားရတာတောင် ရှိုးတိုးရှန်းတန်းဖြစ်ခဲ့တဲ့ ဆိုင်ပေါ့။
မိုးစားယောက်ဆိုင်မှာ ဆီချက်၊ကြေးအိုးတွေကို မောင်နှမတွေ အခါသင်တိုင်းသွားစား
လေ့ရှိတာလည်း အမှတ်ရမိတယ်။ အဲ့ဒီတုန်းက ကြေးအိုးတစ်ပွဲမှ ၅ ကျပ်ရယ်။
မိုး ရဲ့ ဘေးက အအေးဆိုင်ကတော့ အမေမိတ်ဆွေဆိုင်။ စားရင်းသောက်ရင်းမိတ်ဆွေဖြစ်
နေတာပေါ့။
ဓါတ်ပုံရိုက်မယ်ဆိုရင်တော့ ရွှေဝါဖူးနဲ့ လှ ဓါတ်ပုံတိုက် ကိုသွားရတာ။
စာအုပ်ဝယ်မယ်ဆိုရင် အလိမ္မာစာပေ ကို မသိလိုမဖြစ်ဘူးလေ။ အဖေလာရင် ဆံပင်ညှပ်လေ့
ရှိတဲ့ ၀င်းဆံသ နဲ့  ကျမဆံပင်ညှပ်လေ့ရှိတဲ့ ဇင်မင်း၊
အရုပ်တွေကို ဖြတ်သွားတိုင်းငေးရတဲ့ ရတနာထွန်း၊ သွားနာရင်ပြေးရတဲ့ တက္ကသိုလ်
သွားဆိုင်၊ နေမကောင်းရင်ပြေးရတဲ့ ဒေါက်တာယဉ်ထွန်းဆေးတိုက်၊ ဒေါ်သန်သန်း
ဆေးတိုက်၊ ဆုတခွန်းဆိုင်၊ ...... ..... ....
တက္ကသိုလ် အငွေ့ အသက်လွှမ်းနေတဲ့လှည်းတန်း၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား
တွေ လျှောက်နေကြလှည်းတန်း၊  ကျမ အတွေးထဲမှာ သိပ်လှခဲ့တဲ့လှည်းတန်းပါ။
စိန်ဂေဟာရှေ့မှာထိုင်ရင်းအဲ့ဒီဆိုင်တွေကို သတိရနေမိတယ်။ အခုတော့ လှည်းတန်းရဲ့
ညနေစောင်းမှာ တွေ့ နေရတာက ငါးကင်ဆိုင်တွေ၊ ရှမ်းခေါက်ဆွဲဆိုင်တွေ၊ အင်္ကျီဆိုင်
တွေ၊ မိုးပျံတံတားဆောက်မှာမို့ လို့  ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လမ်းတွေပိတ်လို့ 
ကားတွေကျပ်နေတာတွေ၊ မပြီးသေးတဲ့ တိုက်ကြီးတွေ ကိုငေးရင်း ငယ်ငယ်ကလို အေးချမ်းတဲ့လှည်းတန်းပုံရိပ်ကိုပြန်ပြီး တမ်းတမိပါတယ်။
18 comments:
ညီလင်းသစ် said...
ဝင်းဆံသ၊ ပြုံးပန်းတစ်ရာ၊ ဝင်နီ စတာတွေတော့ မှီလိုက်သေးတယ် မ,ရှင်လေး...၊ ကျနော်က ဆယ်တန်းတုန်းက လှည်းတန်း ဂုံးတံတားနားက ဆရာကိုတူးဆီမှာ Physics နဲ့ ဆရာဦးလှမြင့် ဆီမှာ သင်္ချာကျူရှင် တက်ခဲ့တာပါ...။
စူးနွယ်လေး said...
တချိန်တခါက သူငယ်ချင်းတွေနဲ့အတူ ခြေရာချင်းထပ်ခဲ့တဲ့ လှည်းတန်းကို သတိရတယ် :D
ko 9 said...
နံမယ်ကြီးတဲ့ အိမကျောက်ကျောကောပေါ့ဗျာ (ေ၇းတဲ့လူတွေအားလုံး ထိပ်စည်းက လေးနဲ့စတဲ့သူတွေမှန်းသိသွားကြတာပေါ့ဗျာ..ဟဟ)
ko 9 said...
Sorry အသက်ကိုပြောတာပါ
မီးမီးငယ် said...
ဘီးကလေးနဲ့ ဒိန်ချဉ်ဆိုင်(တွန်းလှည်းလေးနဲ့ လေ)
သတိရလား...။
လိပ်ပြာတောင်ပံရှေ့ မှာ ညနေဖက်ရောင်းတဲ့၊
တရုတ်ကောက်ညှင်းထုပ်၊
ဒေါ်အေးကြင်ထမင်းဆိုင်၊
လှည်းတန်းဈေးနဲ့ ဘေးကပ်ရပ်လမ်းထိပ်က၊
ဆီချက်ခေါက်ဆွဲ...၊
အင်း...စားစရာချည်းဘဲသတိရတယ်..၊
ဒေါ်ကြီးရေ...။
ဇွန်မိုးစက် said...
အစ်မက တကယ့်ကို လှည်းတန်းသူ စစ်စစ်ပဲ...း)
ဇွန်က လှည်းတန်းဆိုရင် စာပေလောက စာအုပ်ဆိုင်လောက်ပဲ ကျွမ်းဝင်တာ။ အိမ်နဲ့လည်းဝေး၊ တက္ကသိုလ်လည်း မတက်ဖြစ်ခဲ့တော့ လှည်းတန်းဆိုရင် တကူးတကသွားမှ ရောက်တဲ့ နေရာလိုကို ဖြစ်နေတာ။
ဒါပေမယ့် အစ်မရေးတာတွေ ဖတ်ပြီး လှည်းတန်းပုံရိပ်ကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်တယ်။
Anonymous said...
လှည်းတန်းမှာ ကျွန်မလည်း ကျင်လည်ခဲ့ဖူးတယ်၊
လှည်းတန်းနားက အဆောင်တွေမှာ နေခဲ့ဖူးတယ်၊
၈၈၅ အဆောင်
စတူဒီယို ဒီ ထမင်းဆိုင်
ဓနုဖြူဒေါ်စောရီ (အဟောင်း)
စံရိပ်ငြိမ်နားကအဆောင်
စာပေလောက
D Mate စာအုပ်ဆိုင်
မာလာဆောင်
အိုစုံလို့ပါပဲ။
Anonymous said...
လှည်းတန်းမှာ ကျွန်မလည်း ကျင်လည်ခဲ့ဖူးတယ်၊
လှည်းတန်းနားက အဆောင်တွေမှာ နေခဲ့ဖူးတယ်၊
၈၈၅ အဆောင်
စတူဒီယို ဒီ ထမင်းဆိုင်
ဓနုဖြူဒေါ်စောရီ (အဟောင်း)
စံရိပ်ငြိမ်နားကအဆောင်
စာပေလောက
D Mate စာအုပ်ဆိုင်
မာလာဆောင်
အိုစုံလို့ပါပဲ။
Shinlay said...
ကိုညီရေ.. ကိုတူးဆီမှာစာသင်ဖူးပါတယ်။ ကိုတူးအဖေ
ဆရာကြီးဦးအောင်ဖေညွန့်  ဆီမှာဆိုပါတော့။ ကျမနေတဲ့နေရာ က အရင်ခိုင်ရွှေဝါလမ်းနားဆိုတော့
ငယ်ငယ်ကထဲက ဆရာကြီးကျောင်းရှေ့ရောက်နေတာ။
စူးနွယ်ရေ... လှည်းတန်းဈေးပတ်လွန်းလို့  ဈေးရောင်းတဲ့သူတွေက
တောင် မျက်နှာတွေသိနေပြီ။ လွမ်းတယ်နော်။
Ko9ရေ.. အိမကျောက်ကျောကလည်းသူ့ တစ်ခေတ်ပဲ။
ဟုတ်ပါရဲ့ ထိပ်စည်းက လေးနဲ့တွေတောင်ရှိနေပြီ။
မီးမီး...လှည်းကလေးနဲ့ ဒိန်ချဉ်သယ်ပါ။
ဆီချက်ဆိုင်က ကျမတို့ စားနေကျပဲ။
ဒေါ်အေးကြင်ဆိုင်ကတော့ မိသားစုတခါတလေထွက် စားလေ့ရှိတဲ့ဆိုင်ပေါ့။
ဇွန်...နောက်တခါကြုံရင်သွားလည်လေ။ စာပေလောက ဆိုရင်လှည်းတန်းရဲ့ ခေတ် သစ်ပိုင်းထဲရောက်ရောမယ်။
အပြုံးပန်း။ DMate, King and Queen;....
အဆောင်တွေ၊ ဂီတာပြီးညညသီချင်းဆိုကြတဲ့ သူတွေ၊
လွမ်းပါတယ်။
Anonymous said...
ရန်ကုန်လွမ်းနေသူမို့ မရှင်လေးရဲ့ ရန်ကုန်ပြန်ပိုစ့်တွေကို သေသေချာချာဖတ်သွားပါတယ်။
(လီယို)
ma yu said...
ဆကာကြီးမုန့် ဟင်းခါး ဆိုင်ရောကျန်သေးတယ်လေ။ ဆု တခွန်းတိုက်ကပျံ့ လွင့်လာတတ်တဲ့ လတ်လတ်ဆတ်ဆတ် ကြိတ်လိုက်တဲ့ ကော်ဖီနံ့ လေးလဲသတိရတယ်။
Shinlay said...
လီယို...လာလည်တာကျေးဇူးပါပဲ။
မယု... ဆကာကြီးမုန့် ဟင်းခါးနဲ့ ပဲကြော်..
လမ်းထိပ်မှာပဲလေ။ ဦးမှန်ကြီးပန်းတိမ်ဆိုင်လည်းရှိသေးတယ်။
ဖြည့်စွက်ပေးတာကျေးဇူးတင်ပါတယ်။
ဆုကော်ဖီနံ့ က အခုထိမွှေးနေတုန်း
ပါ။ ဒီနေ့ မနက် ဆုကော်ဖီသောက်ဖြစ်ပါတယ်။
T T Sweet said...
မရှင်လေး။ မဖတ်ရသေးတာတွေ အကုန်လာဖတ်သွားပါတယ်။
လှည်းတန်းမှာ ကျွန်မလဲ ကျင်လည်ခဲ့ဖူးပါသည်။ ကိုညီလင်းသစ်ပြောတဲ့ ကိုတူး၊ ဆရာကြီး ဦးအောင်ဖေညွန့်မှာ physics ကျူရှင်ယူခဲ့ပါသည်။ အမေတို့ရုံးက စိုက်ပျိုးရေးမှာဆိုတော့ အဲဒီနားမှာလဲ သင်္ချာ ကျူရှင်ယူပါသည်။ ၀ဂ္ဂီလမ်းဟု သတိရပါသည်။
Shinlay said...
ဆွိ... ဆရားကြီးရဲ့ physics ကျောင်းမှာကျောင်းတက်
ရတာပျော်စရာနော်။
Anonymous said...
We all are Hledann lwun thu.There's so many footprints at evening in Hledann.I bought my 1st house at Waggi Yeikthar street.The picture you painted was our old precious memory till around 1995.
Gyidaw
Shinlay said...
It is true Gyidaw.. I went away from Hledan in 1999.
Unknown said...
အမရှင်လေး ရေးထားတဲ့လှည်:တန်:က ဇင်မင်းဆံပင်ဆိုင်က ခိုင်တို့မေမေ ဒေါ်ရင်ရင်စိန်ရဲ့ဆိုင်ပါဘဲ အခုဒီနေ့မနက်၈နာ၇ီမှာ ခိုင့်ကိုမေမေကအခန်းတံခါးခေါက်ပြီး ၀မ်းသာအာ:ရသူ့ iPad ကလေးကိုင်ပြီး အမရှင်လေးေ၇းထာ:တဲ့ လှည်:တန်းနဲ့သူ့ရဲ့ ဇင်မင်းဆံပင်ဆိုင်နံမည်ကိုလာပြရှာတယ် အမရေ:ထာ:တာလေ:ကိုဖတ်ကြည့်ပြီးငိုချင်လာတယ် လွမ်းလိုက်တာ ငယ်ငယ်ကကြီ:ပြင်:ခဲ့တဲ့ နေရာဟောင်း ဆိုင်ဟောင်း ဒေသဟောင်းလေးကိုလွမ်:ဆွတ်သတိရမိပါတယ်အမရယ်။ ခိုင်နံမည်က ခိုင်မင်းမင်းဘုန်းပါ ခိုင့်မှာအမအကြီးတယောက်ရှိတယ် သူကဇင်မိမိဘုန်းပါ မေမေနဲ့ပါပါက ဆံပင်ဆိုင်ကို သမီးနှစ်ယောက်နံမည်နဲ့ "ဇင်မင်း"ဆိုပြီးပေးထားတာလေ။ မေမေ ပါပါ နဲ့ခိုင်က NewYork,USA မှာDecember 1985 ကထဲကနေတာဆိုတော့ လှည်:တန်:နဲ့ဝေးကွာသွားတာ နှစ်ပေါင်း၂၈ နှစ်တောင်ရှိနေပါပြီ ဒါပေမဲ့ကိုယ်နေခဲ့ ကြီးပြင်းခဲ့တဲ့နေရာလေးတွေကိုသတိယတုန်းပါဘဲ အမစာထဲကပြောထားတဲ့ကျူရှင်ကျောင်းတွေလဲ ခိုင်၁၀တန်းတုန်းကတက်ဘူးပါတယ် ခိုင်က ၁၅နှစ်သမီးနဲ့ရန်ကုန် မြန်မာပြည်ကြီးကခွဲခွါလာခဲ့ရတာပါ st. Augustine အထက်တန်းကျောင်းမှာ ၈တန်း ၉တန်း၁၀တန်းတက်ခဲ့တာလေ အမရှင်လေ:ရဲ့ ဟင်းချက်web page ကိုမေမေကနေ့တိုင်းသူ့ရဲ့ facebook acct နံမည်ကတော့ yinyin sein ကနေကြည့်နေကြလေ ခိုင်လဲအခုမှ မေမေပြလို့ကြည့်ဘူးသွားတာပါ ခိုင့်FB acct နံမည်ကတော့
Joy Khineminminphone Lim (DrLim) အမကိုခိုင်နဲ့မေမေရဲ့FB ထဲမှာရပ်ဆွေ၇ပ်မျိုးတွေမို့ friends အနေနဲ့ add ကြည့်ပါဦ:မယ်
eithet said...
အဲဒါတွေ တောင် သိတယ်ဆိုရင် အိသက်ထက် ကြီးပုံရတယ် အမ ရေးထားတာ ဖတ်ပြီး ပြန်တောင် ပြန်ချင်လာတယ်