Friday 14 December 2012
ဂျာမနီဆေးလောကရဲ့ ဈေးကွက်
ဂျာမနီမှာ ဆရာဝန်နဲ့ လူနာတွေကြားမှာ မကြာခဏကြားနေရတဲ့  အသံတခု
ကတော့ IGel (Individuelle Gesundheitsleistung) လို့ ခေါ်တဲ့ Individual health service 
ပါပဲ။ ကျန်းမာရေးအာမခံ က္ပုဏီတွက သတ်မှတ်ထားတဲ့  ကုသမှတွေ၊
ရောဂါရှာဖွေမှုတွေ မဟုတ်တဲ့အတွက် လူနာက ကိုယ့်ပိုက်ဆံ ကိုယ်ပေးရတဲ့ 
Service တွေပါ။  ဆရာဝန်တွေက မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် 
 ရောဂါရှာဖွေနည်းတွေ၊ကုသနည်းအသစ်တွေကို လူနာသဘောတူရင် သုံးပါတယ်။
 ဒီအတွက် လူနာကကျသလောက်ရှင်းရပါတယ်။ 
ဂျာမနီမှာကလည်း ကျန်းမာရေးလောကမှာ သုံးဖို့  နည်းပညာတွေကလည်း
တနေ့ တခြားတိုးတက်လာတော့ ဆရာဝန်တွေကလည်း နည်းအသစ်တွေကိုသုံး
ကြည့်ချင်ကြတယ်။ တကယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့အရာပါပဲ။ ဒါပေမဲ့
တကယ်ရင်ဆိုင်ရတဲ့ပြသနာကတော့ လူနာတွေဘက်က ပါ။
ဆရာဝန်တွေက  IGel စနစ်အရ     Individual health service တွေများများသုံး
နိုင်လေ သူ့ အတွက်ဝင်ငွေကောင်းလေပါ။  
လူနာတယောက် အထူးကု ဆရာဝန်ဆီရောက်လို့ မိမိရောဂါကို ပြောပြပြီးတာနဲ့ 
ဆရာဝန်က သူ့ ရဲ့ နည်းစနစ်အသစ်တွေ( ရောဂါရှာတာရော၊ကုသတဲ့ဘက်ကရော) နဲ့ မိတ်ဆက်ပါတော့တယ်။
ကြောင်း၊ ဘယ်လို ကြိုတင်ကာကွယ်နိုင်ကြောင်း စတဲ့ Marketing စကားတွေပြောပါတော့
တယ်။ လူနာတိုင်းကတော့ မိမိရောဂါကို အကောင်းဆုံးကုသမှုခံယူချင်ကြတာပါပဲ။
အဲ့ဒီ Service တွေကို  ကျန်းမာရေးအာမခံ က္ပုဏီတွက ပေးလေ့မရှိတော့
လူနာက ကိုယ်တိုင်ပေးနိုင်ရင်တော်သေးရဲ့ ၊ တချို့ ကျတော့ မတတ်နိုင်၊ ဘာလုပ်ရမှန်းမသိ
စိတ်ပင်ပန်းကြရပါတယ်။
များသောအားဖြင့်  IGel စနစ်အရ     Individual health service တွေဟာ 
ကျမအတွေ့ အကြုံအရ သိပ်အကျိုးသက်ရောက်မှုမရှိပါဘူး။ မလုပ်ရင်
လည်းဘာမှ မဖြစ်တဲ့အပို   service တွေပါ။ လူနာကတတ်နိုင်ရင်တော့တစ်မျိုးပေါ့။
တကယ်တော့ ကျန်းမာရေးအာမခံ က္ပုဏီ ကပေးထာတဲ့ Service တွေက
 လူတယောက် အတွက်လုံလောက်တဲ့အခြေအနေမှာရှိပါတယ်။ 
အဲ့ဒီအခါမှာ လူနာခမျာ ငွေလည်းကုန်၊ လူလည်းပင်ပန်းပေါ့။ 
လူနာမှာရောဂါတခုဖြစ်ချင်လာပြီဆိုရင် ဆရာဝန်တွေအတွက် အခွင့်ကောင်းပဲ။
ဒီကြားထဲလူနာက စိုးရိမ်တတ်လေ၊ပိုကောင်းလေပေါ့။ 
လူနာကတော့ရုတ်တရက်မဝေခွဲတတ်ကြပါဘူး။ မိမိယုံကြည်ရတဲ့ဆရာဝန်ကပြောရင်
လုပ်ရမှကောင်းမယ်လို့ ထင်ကြတာများပါတယ်။ အဲ့ဒီ ယုံကြည်မှုကို တချို့ ဆရာဝန်တွေက
အသုံးချနေကြတာ မကြာခဏ ကြားနေရပါတယ်။
3 comments:
Anonymous said...
ဂျာမဏျွှီာတောင် ရှိတာ..မြန်မာပြည်မှာ အများကြီးရှိနေတာ.......မဆန်းပါလား..ဒါပေမဲ့ မြန်မာပြည်ကဆဆရာဝန်တွေက ရှင်းမပြဘူး။ မလုပ်ရင်သေမယ်ဆိုတာပဲ ပြောတယ်...
ဇွန်မိုးစက် said...
စင်္ကာပူမှာလည်း အဲဒါမျိုး မားကတ်တင်းဆင်းတဲ့ ဆရာဝန်တွေရှိတယ်လို့ ကြားဖူးတယ်။
တကယ်တော့ အစ်မရှင်လေးရေ ဆရာဝန်ဖြစ်ရတာလည်း မလွယ်၊ လူနာဖြစ်ရတာလည်း မလွယ်တဲ့ ဘ၀တွေနော်။
စူးနွယ်လေး said...
ဖတ်သွားတယ် မရှင်လေး... :D